လာအိုနိုင်ငံ၊ Vientiane မြို့၌ (၇)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး၊ (၃၀)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများ တက်ရောက်ပြီးစီးမှု

05_Pic 1+ 05_Pic 3+05_Pic 2+

လာအိုနိုင်ငံ၊ Vientiane မြို့၌ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး၊ (၃၀)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများအား  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် မြန်မာကိုယ်စားလှယ်(၂)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ (၇)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ အစည်းအဝေးတွင် အာဆီယံနိုင်ငံများအတွင်း သဘာ၀ဘေးအန္တရာယ်ကျရောက်ချိန်များ၌ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းဆိုင်ရာ လမ်းညွှန်ကို အာဆီယံအဆင့်၌ အင်ဒိုနီးရှားနှင့်မြန်မာနိုင်ငံတို့၏ ဦးဆောင်မှုဖြင့် ရေးဆွဲနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် နှစ်နိုင်ငံဦးဆောင်မှုဖြင့် သဘာ၀ဘေးအန္တရာယ်ကျရောက်ချိန်များတွင် အိမ်နီးချင်း မြို့ပြ/ ကျေးရွာအချင်းချင်း အပြန်အလှန်ထောက်ပံ့ကူညီပေးနိုင်မည့် Twin Sister Cities/ Villages စီမံချက်ကို အကောင်အထည်ဖော်နိုင်မည့်အခြေအနေ၊ အာဆီယံနိုင်ငံများမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်ခဲ့သည့် ချန်ပီယံမြို့တော်များကို ရွေးချယ်ပေးနိုင်ရေး၊ အာဆီယံဒေသတွင်းပြန်လည်ထူထောင်ရေးဖိုရမ်အား၂၀၁၇ခုနှစ်၊ ဇူလိုင်လအတွင်း ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events