ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ရေနီကျေးရွာမှ အိမ်ထောင်စု (၃) စုနှင့် သံပုရာကျေးရွာမှ အိမ်ထောင်စု (၃) စု လေဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၆) အိမ်ထောင်စုစာတို့အား (၄-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)