Category Archives: News
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ (၁၃-၁၀-၂၀၁၇) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အထူး ကိုယ်စားလှယ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။ ထို့နောက် သဘာဝဘေးမှတ်တမ်းဗီဒီယိုခွေပြသခြင်း နှင့် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါအခမ်းအနား သို့ တက်ရောက်သူ (၃၀၀) … Read more
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကျင်းပမှုသတင်း
ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနား အား ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ လ ၁၃ ရက်နေ့တွင် မနက် ၉ နာရီ မှ ၁၁ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည် ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသော စာစီစာကုံးနှင့် ပန်းချီ ပြိုင်ပွဲမှဆုရရှိသူကျောင်းသူကျောင်းသားများအားဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။ အခမ်အနား သို့ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ Ngo၊ INGoများ၊ ကျောင်းသားကျောင်းသူများ၊ ကင်းထောက်လူငယ်များနှင့် … Read more
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၁၃-၁၀-၂၀၁၇) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် စစ်တွေမြို့၊ ဦးဥတ္တခန်းမ၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ သဝဏ်လွှာအား ရခိုင်ပြည်နယ်ဦးစီးမှူးမှ ဖတ်ကြား ခဲ့ပါသည်။ ဆက်လက်၍ စာစီစာကုံး၊ ပန်းချီနှင့် နံရံဆေးရေးပန်းချီပြိုင်ပွဲများမှ ဆုရကျောင်း သား/သူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သဘာဝဘေးမှတ်တမ်းဗီဒီယိုခွေပြသခြင်းနှင့် ခင်းကျင်းပြသထား သည့် … Read more
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ BRACE, UN-Habitat, RIMES, Actionaid Myanmar, MOBO, Myanmar Rescue တို့နှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေး အကြိုအထိမ်းအမှတ်အဖြစ် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို (၁၂-၁၀-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာအုပ်စု၊ ဇင်ရွဲလေးကျေးရွာ (Cyclone Shelter)၌ ကျင်းပရာ ဌာနဆိုင်ရာနှင့် ပြည်သူစုစုပေါင်း (၄၀၀) ဦးခန့်ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားအား မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ (၁၃-၁၀-၂၀၁၇) ရက်နေ့၊ သောကြာနေ့ နံနက် (၀၉:၀၀) နာရီအချိန်မှ (၁၀း၄၅) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး UNDP အဖွဲ့မှ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဧရိယာညှိနှိုင်းရေးမှူး ဒေါ်နီနီလွင်မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။ ထို့နောက်သဘာဝဘေးမှတ်တမ်းဗီဒီယိုခွေပြသခြင်းနှင့် မှတ်တမ်းဓာတ်ပုံများလှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ သံရုံးမှ သံအမတ်ကြီးH.E. Mr. Tateshi Higuchi နှင့် ဗြိတိန်နိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mr. Andrew Patrick တို့က လာရောက်တွေ့ဆုံမှုသတင်း
(၁၂-၁၀-၂၀၁၇) ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အားဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Tateshi Higuchi နှင့် ဗြိတိန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Andrew Patrick တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် သီးခြားစီ လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားချိန်မှစ၍ နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်နေသည့် လူသားချင်းစာနာမှုလုပ်ငန်းများ၊ ရခိုင် အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမှနားလည်မှုလွဲမှားကာ ဝေဖန်နေသည့်ကိစ္စများ၊ လိုအပ်သောလူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေး၊ … Read more
-
ဇေယျာသီရိမြို့နယ်အတွင်း ရေဘေးသင့်အိမ်ထောင်စုနှင့် သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများနှင့် ပုဗ္ဗသီရိမြို့နယ်အတွင်း ချောင်းရေမြင့်တက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၈-၁၀-၂၀၁၇) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ သာယာကုန်းအုပ်စု၊ ဝဲကြီးကျေးရွာ၌ ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ စက္ကူပုံးပါ(၁၀)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄ဦးx၇ရက်x၃၀ဝိ/-) ဖြင့် (၈,၄၀ဝ) ကျပ်၊ စုစုပေါင်း (၅၈,၄၀ဝ) ကျပ်အား လည်းကောင်း၊ (၉-၁၀-၂၀၁၇) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ သက်နှင်းအေးကျေးရွာအုပ်စု၊ သစ်တပ်ကလေးကျေးရွာ၌ သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇ဦးx၇ရက်x၃၀ဝိ/-) ဖြင့် (၁၄,၇၀ဝ)ကျပ်၊ ဒဏ်ရာရလူနာ(၁)ဦးအတွက် (၅၀,၀၀ဝ)ကျပ်၊ … Read more
-
သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၁၇) ရက်နေ့တွင် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မူလတန်းကျောင်း (၆) ကျောင်းမှ ကျောင်းသူ/ ကျောင်းသား (၁၂၀) ဦးအား သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များနှင့် သဘာဝဘေးလျော့ပါးရေးနေ့အကြောင်းပြောကြားခဲ့ပြီး ကလေးများအား ဆေး ရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများ ယှဉ်ပြိုင်စေခဲ့ပြီး ဆုများချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ ဒေသဖွံံဖြိုးရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် MOU ရေထိုးထားသော LWF (Lutheran World Federation) အဖွဲ့တို့ပူးပေါင်း၍ ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ ဒေသဖွံံဖြိုးရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ (၁၁) ရက်နေ့နှင့် (၁၂) ရက်နေ့တို့တွင် ကျင်းပရာ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက ၄င်းတို့၏လုပ်ငန်းဆောင်ရွက်ချက်များအား တက်ရောက်လာကြသည့် ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲနှင့် တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာဖွံံဖြိုးရေးကော်မတီဝင်များအား ရှင်းလင်းတင်ပြကြပြီး သိလိုသည်များအား ပြန်လည်ဖြေကြားခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အဆိုပါမြို့နယ် (၄) မြို့နယ်မှ ကော်မတီဝင် (၁၃၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: … Read more
-
ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျ အ.လ.က ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
(၁၁-၁၀-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျ အ.လ.က ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သော ကဒ်ဂိမ်းများ ကစားခြင်းဆောင်ရွက်ခဲ့ပြီး စာအုပ်၊ ဘောလ်ပင်များ သဘာဝဘေး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများအား ပေးအပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)









