အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

13 Pic 02 13 Pic 03 13 Pic 04

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၁၃-၁၀-၂၀၁၇) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် စစ်တွေမြို့၊ ဦးဥတ္တခန်းမ၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ သဝဏ်လွှာအား ရခိုင်ပြည်နယ်ဦးစီးမှူးမှ ဖတ်ကြား ခဲ့ပါသည်။ ဆက်လက်၍ စာစီစာကုံး၊ ပန်းချီနှင့် နံရံဆေးရေးပန်းချီပြိုင်ပွဲများမှ ဆုရကျောင်း သား/သူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သဘာဝဘေးမှတ်တမ်းဗီဒီယိုခွေပြသခြင်းနှင့် ခင်းကျင်းပြသထား သည့် မှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရူခဲ့ကြပါသည်။ အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသော UN/NGO များမှ ကိုယ်စားလှယ်များ၊ ဆုရကျောင်းသား/ကျောင်းသူများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events