ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် MOU ရေထိုးထားသော LWF (Lutheran World Federation) အဖွဲ့တို့ပူးပေါင်း၍ ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ ဒေသဖွံံဖြိုးရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ (၁၁) ရက်နေ့နှင့် (၁၂) ရက်နေ့တို့တွင် ကျင်းပရာ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက ၄င်းတို့၏လုပ်ငန်းဆောင်ရွက်ချက်များအား တက်ရောက်လာကြသည့် ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲနှင့် တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာဖွံံဖြိုးရေးကော်မတီဝင်များအား ရှင်းလင်းတင်ပြကြပြီး သိလိုသည်များအား ပြန်လည်ဖြေကြားခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အဆိုပါမြို့နယ် (၄) မြို့နယ်မှ ကော်မတီဝင် (၁၃၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)