အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကျင်းပမှုသတင်း

ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ အပြည်‌ပြည်‌ဆိုင်‌ရာသဘာဝ‌ဘေး‌လျော့ပါးရေးနေ့အခမ်းအနား အား ၂၀၁၇ ခုနှစ်၊ အောက်‌တိုဘာ လ ၁၃ ရက်‌‌နေ့တွင် မနက် ၉ နာရီ မှ ၁၁ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ရာ ခရိုင်‌အုပ်‌ချုပ်‌‌ရေးမှူး ဦး‌အေးလွင်မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး အပြည်ပြည် ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသော စာစီစာကုံးနှင့် ပန်းချီ ပြိုင်ပွဲမှဆုရရှိသူကျောင်းသူ‌ကျောင်းသားများအားဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။ အခမ်‌အနား သို့ ခရိုင်‌အဆင့်၊ မြို့နယ်‌အဆင့်ဌာနဆိုင်‌ရာများ၊ Ngo၊ INGoများ၊ ကျောင်းသား‌ကျောင်းသူများ၊ ကင်းထောက်‌လူငယ်‌များနှင့် ကျေးရွာအုပ်‌ချုပ်‌‌ရေးမှူးများ စုစု‌ပေါင်းလူဦးရေ (၄၀၀) ဦးခန့်တက်‌‌ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events