အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

13 Pic 02 13 Pic 03

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားအား မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ (၁၃-၁၀-၂၀၁၇) ရက်နေ့၊ သောကြာနေ့ နံနက် (၀၉:၀၀) နာရီအချိန်မှ (၁၀း၄၅) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး UNDP အဖွဲ့မှ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဧရိယာညှိနှိုင်းရေးမှူး ဒေါ်နီနီလွင်မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။ ထို့နောက်သဘာဝဘေးမှတ်တမ်းဗီဒီယိုခွေပြသခြင်းနှင့် မှတ်တမ်းဓာတ်ပုံများလှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်သူ (၃၀၀) ဦးရှိကြောင်း သတင်းရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events