ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ BRACE, UN-Habitat, RIMES, Actionaid Myanmar, MOBO, Myanmar Rescue တို့နှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေး အကြိုအထိမ်းအမှတ်အဖြစ် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို (၁၂-၁၀-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာအုပ်စု၊ ဇင်ရွဲလေးကျေးရွာ (Cyclone Shelter)၌ ကျင်းပရာ ဌာနဆိုင်ရာနှင့် ပြည်သူစုစုပေါင်း (၄၀၀) ဦးခန့်ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)