ဇေယျာသီရိမြို့နယ်အတွင်း ရေဘေးသင့်အိမ်ထောင်စုနှင့် သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများနှင့် ပုဗ္ဗသီရိမြို့နယ်အတွင်း ချောင်းရေမြင့်တက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

12_pic04

(၈-၁၀-၂၀၁၇) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ သာယာကုန်းအုပ်စု၊ ဝဲကြီးကျေးရွာ၌ ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ စက္ကူပုံးပါ(၁၀)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄ဦးx၇ရက်x၃၀ဝိ/-) ဖြင့် (၈,၄၀ဝ) ကျပ်၊ စုစုပေါင်း (၅၈,၄၀ဝ) ကျပ်အား လည်းကောင်း၊

(၉-၁၀-၂၀၁၇) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ သက်နှင်းအေးကျေးရွာအုပ်စု၊ သစ်တပ်ကလေးကျေးရွာ၌ သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇ဦးx၇ရက်x၃၀ဝိ/-) ဖြင့် (၁၄,၇၀ဝ)ကျပ်၊ ဒဏ်ရာရလူနာ(၁)ဦးအတွက် (၅၀,၀၀ဝ)ကျပ်၊ စုစုပေါင်း (၂၆၄,၇၀ဝ) ကျပ်အား လည်းကောင်း၊

(၉-၁၀-၂၀၁၇) ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်၊ မနော်ဟရီ (၃)လမ်း၊ ကွင်းကြီးချောင်းရေ မြင့်တက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၅ဦးx၇ရက်x၃၀ဝိ/-)ဖြင့် (၁၀,၅၀ဝ)ကျပ်၊ စုစုပေါင်း(၂၁၀,၅၀ဝ)ကျပ်အားလည်းကောင်း (၁၀-၁၀-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events