(၁၁-၁၀-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျ အ.လ.က ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သော ကဒ်ဂိမ်းများ ကစားခြင်းဆောင်ရွက်ခဲ့ပြီး စာအုပ်၊ ဘောလ်ပင်များ သဘာဝဘေး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများအား ပေးအပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)