၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ (၁၃-၁၀-၂၀၁၇) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အထူး ကိုယ်စားလှယ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။ ထို့နောက် သဘာဝဘေးမှတ်တမ်းဗီဒီယိုခွေပြသခြင်း နှင့် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါအခမ်းအနား သို့ တက်ရောက်သူ (၃၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)