Category Archives: News
-
ဝါးခယ်မမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာ၌ (၂၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၅,၂၀၀ိ/-) ကျပ်တို့အား (၂၃-၄-၂၀၁၈) ရက်နေ့ (၁၂း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၇-၄-၂၀၁၈)ရက်နေ့တွင် လေဘေးဖြစ်ပွားခဲ့သော ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စုရှိ ကျေးရွာ (၄)ရွာ၊ အိမ်ထောင်(၁၇)အိမ်ထောင်နှင့် ငွေတောင်ကျေးရွာအုပ်စု၊ ဒေါခလိုက်လင်းကျေးရွာ(၂)အိမ်ထောင်၊ စုစုပေါင်း (၁၉) အိမ်ထောင်အတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး(၁၉)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၆၁၅၇၅၀ိ/-)ကျပ်၊ လူဦးရေ(၆၀)ဦး အတွက် ဆန်ဖိုး(၁၂၆၀၀၀ိ/-)ကျပ်၊ စုစုပေါင်း(၁၇၄၂၇၅၀ိ/-)ကျပ်ကို (၁၉-၄-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကျေးရွာ အုပ်စု (၆) စုတို့၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်ပြိုလဲအိမ်ခြေ (၁၃) လုံး၊ လူဦးရေ (၄၀) ဦးနှင့် အမိုးလန်နေအိမ် (၁၃၇) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာငွေ စုစုပေါင်း ရန်ပုံငွေ (၅,၄၉၄,၀၀၀ိ/-) ကျပ်တို့အား (၂၃-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပွင်ဖြူမြို့နယ် လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကျေးရွာ(၂၂) ရွာတို့၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်အိမ်ခြေ (၇၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၇၃) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၁၉၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၃၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၆၆၁,၅၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၄၅၁,၅၀၀ိ/-)ကျပ်တို့အား (၂၂-၄-၂၀၁၈) ရက်နေ့ … Read more
-
UEHRD ၏ စေတနာ့၀န်ထမ်းလူငယ်အစီအစဉ် (ဆဌမအကြိမ်)အတွက် လုပ်ငန်းခွင်အကြို သင်တန်း ဖွင့်လှစ်မှုသတင်း
ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း(UEHRD)၏ စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ် (ဆဌမအကြိမ်)လုပ်ငန်းခွင်အကြိုသင်တန်းအား (၂၂-၄-၂၀၁၈)နေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့၊ သံလွင်လမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနများမှ တာဝန်ရှိပုဂိ္ဂုလ်များ၊ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြများ၊ Onlineမှ လျှောက်ထားသည့် စေတနာ့ဝန်ထမ်းလူငယ်များ၊ ဗြဟ္မစိုရ်အသင်း၊ HCYTအဖွဲ့နှင့် လူရည်ချွန်အဖွဲ့(ရခိုင်ပြည်နယ်) တို့မှ စေတနာ့ဝန်ထမ်းလူငယ််များ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသန်းထွဋ်ဆွေမှ … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးခရိုင်၊ကလေးဝမြို့နယ်အတွင်း (၁၇/၁၈-၄-၂၀၁၈)ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှု ကြောင့် ရှမ်းစုကျေးရွာ နေအိမ်(၁)လုံး၊ ဘွန်ဘွေးခုံကျေးရွာ နေအိမ်(၁)လုံး၊ ဆင်ခေါင်း ကျေးရွာနေအိမ်(၁)လုံး၊ ဟင်တင် ကျေးရွာနေအိမ်(၁)လုံးနှင့် စုစုပေါင်းနေအိမ်(၄)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ပါသည်။ အဆိုလေဘေးအတွက် ကလေးခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက (၁) အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးစီနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁၉၀,၀၀၀) ကျပ်အား (၂၁-၄-၂၀၁၈) ရက်နေ့တွင် ကလေးဝမြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌရုံးခန်း၌ ကျင်းပပြုလုပ်ရာ ကလေးဝမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းမြင့်အတူ လေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more
-
ရေကြည်မြို့နယ်၊ အင်းလျာကုန်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အင်းလျာကုန်းကျေးရွာအုပ်စု၊ အင်းလျာကုန်းကျေးရွာ၌ (၂၀-၄-၂၀၁၈) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၄) ဦးအတွက် Family Kits (၂၆) မျိုးပါ (၁) ပုံးစီ ၊ ပလက်စတစ်ပုံး (၁) ပုံးစီ ၊ ၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘူးသီးတောင်မြို့နယ် ဘုရားပြင်သိန်းတန်ကျေးရွာအုပ်စု တိုင်းရင်းသား ဘင်္ဂလီကျေးရွာ(၈)ရွာတွင် (၁၉- ၄ -၂၀၁၈)ရက် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးလူနေအိမ်(၂၇) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၅၄) လုံး အိမ်ထောင်စု(၈၁) စုမှလူဦးရေ (၄၀၂) ဦး လေဘေးသင့်ခဲ့ရပါသဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မောင်တော ခရိုင်ဦးစီးမှူးရုံးမှ လုံးဝပျက်စီးလူနေအိမ် (၂၇)လုံးအတွက် (၁) အိမ်လျှင် (၁၀၀,၀၀၀)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂,၇၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၂၇) စုစာ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ် (၅၄) လုံးအတွက် … Read more
-
ကံမမြို့နယ်၊ အင်းဘဲကျေးရွာအုပ်စု၊ ညောင်တန်းကျေးရွာရှိလေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ အင်းဘဲ ကျေးရွာအုပ်စု၊ ညောင်တန်းကျေးရွာတွင် (၁၉-၄-၂၀၁၈) ရက်နေ့၊ (၁၆း၄၅)အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၁)လုံး၊အိမ်ထောင်စု(၁)စု၊လူဦးရေ(၄)ဦးဘေးသင့်ခဲ့ရာ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာ (၈၄၀၀)ကျပ်၊ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂၈,၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၆)မျိုး (၁)အိမ်ထောင်စာတို့ကို (၂၁-၄-၂၀၁၈)ရက်နေ့၊ (၁၁:၁၅)နာရီတွင် ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ညောင်တန်းကျေးရွာ အုပ်ချုပ်ရေးမှူး ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တန့်ဆည်မြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် တန့်ဆည်မြို့နယ်၊ ကျေးရွာ (၁၃)ရွာ အမိုးလန်အိမ်ခြေ (၁၅၀) လုံးအတွက် (၁၅၀)အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၄,၂၃၅,၀၀၀)ကျပ်၊ ပြိုကျ (၃) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃)အိမ်ထောင်စာနှင့် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃)သိန်းနှင့် ဘုန်းကြီးကျောင်း (၃ ) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၆၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ( ၄,၆၉၅,၀၀၀) ကျပ်တို့ကို(၂၀-၄-၂၀၁၈) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) … Read more









