ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကျေးရွာ အုပ်စု (၆) စုတို့၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်ပြိုလဲအိမ်ခြေ (၁၃) လုံး၊ လူဦးရေ (၄၀) ဦးနှင့် အမိုးလန်နေအိမ် (၁၃၇) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာငွေ စုစုပေါင်း ရန်ပုံငွေ (၅,၄၉၄,၀၀၀ိ/-) ကျပ်တို့အား (၂၃-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)