ကံမမြို့နယ်၊ အင်းဘဲကျေးရွာအုပ်စု၊ ညောင်တန်းကျေးရွာရှိလေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ အင်းဘဲ ကျေးရွာအုပ်စု၊ ညောင်တန်းကျေးရွာတွင် (၁၉-၄-၂၀၁၈) ရက်နေ့၊ (၁၆း၄၅)အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၁)လုံး၊အိမ်ထောင်စု(၁)စု၊လူဦးရေ(၄)ဦးဘေးသင့်ခဲ့ရာ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာ (၈၄၀၀)ကျပ်၊ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂၈,၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၆)မျိုး (၁)အိမ်ထောင်စာတို့ကို (၂၁-၄-၂၀၁၈)ရက်နေ့၊ (၁၁:၁၅)နာရီတွင် ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ညောင်တန်းကျေးရွာ အုပ်ချုပ်ရေးမှူး ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events