ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အင်းလျာကုန်းကျေးရွာအုပ်စု၊ အင်းလျာကုန်းကျေးရွာ၌ (၂၀-၄-၂၀၁၈) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၄) ဦးအတွက် Family Kits (၂၆) မျိုးပါ (၁) ပုံးစီ ၊ ပလက်စတစ်ပုံး (၁) ပုံးစီ ၊ ၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၂၉,၄၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၆၂၉,၄၀၀/-) ကျပ်တို့အား (၂၁-၄-၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဂရုဏာလူမှုကူညီရေးအသင်း(ရေကြည်)မှ အဖွဲ့သားများနှင့်အတူ မီးဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)