ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကျေးရွာ(၂၂) ရွာတို့၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်အိမ်ခြေ (၇၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၇၃) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၁၉၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၃၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၆၆၁,၅၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၄၅၁,၅၀၀ိ/-)ကျပ်တို့အား (၂၂-၄-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)