စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးခရိုင်၊ကလေးဝမြို့နယ်အတွင်း (၁၇/၁၈-၄-၂၀၁၈)ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှု ကြောင့် ရှမ်းစုကျေးရွာ နေအိမ်(၁)လုံး၊ ဘွန်ဘွေးခုံကျေးရွာ နေအိမ်(၁)လုံး၊ ဆင်ခေါင်း ကျေးရွာနေအိမ်(၁)လုံး၊ ဟင်တင် ကျေးရွာနေအိမ်(၁)လုံးနှင့် စုစုပေါင်းနေအိမ်(၄)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ပါသည်။ အဆိုလေဘေးအတွက် ကလေးခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက (၁) အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးစီနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁၉၀,၀၀၀) ကျပ်အား (၂၁-၄-၂၀၁၈) ရက်နေ့တွင် ကလေးဝမြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌရုံးခန်း၌ ကျင်းပပြုလုပ်ရာ ကလေးဝမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းမြင့်အတူ လေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events