(၁၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် တန့်ဆည်မြို့နယ်၊ ကျေးရွာ (၁၃)ရွာ အမိုးလန်အိမ်ခြေ (၁၅၀) လုံးအတွက် (၁၅၀)အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၄,၂၃၅,၀၀၀)ကျပ်၊ ပြိုကျ (၃) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃)အိမ်ထောင်စာနှင့် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃)သိန်းနှင့် ဘုန်းကြီးကျောင်း (၃ ) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၆၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ( ၄,၆၉၅,၀၀၀) ကျပ်တို့ကို(၂၀-၄-၂၀၁၈) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)