ဘူးသီးတောင်မြို့နယ် ဘုရားပြင်သိန်းတန်ကျေးရွာအုပ်စု တိုင်းရင်းသား ဘင်္ဂလီကျေးရွာ(၈)ရွာတွင် (၁၉- ၄ -၂၀၁၈)ရက် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးလူနေအိမ်(၂၇) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၅၄) လုံး အိမ်ထောင်စု(၈၁) စုမှလူဦးရေ (၄၀၂) ဦး လေဘေးသင့်ခဲ့ရပါသဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မောင်တော ခရိုင်ဦးစီးမှူးရုံးမှ လုံးဝပျက်စီးလူနေအိမ် (၂၇)လုံးအတွက် (၁) အိမ်လျှင် (၁၀၀,၀၀၀)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂,၇၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၂၇) စုစာ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ် (၅၄) လုံးအတွက် (၁) အိမ်လျှင် (၂၀,၀၀၀)ကျပ် နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၀၈၀,၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၅၄) စုစာ၊ လူဦးရေ (၄၀၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ဖိုးထောက်ပံ့ငွေ (၈၄၄,၂၀၀) ကယ်ဆယ်ရေး ပစ္စည်းတန်ဖိုး (၂,၀၆၉,၇၉၃) ကျပ်၊ စုစုပေါင်းတန်ဖိုး (၆,၆၉၃,၉၉၃) အား (၂၁-၄-၂၀၁၈) ရက်တွင် မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ဘူးသီးတောင်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ဘစမ)