
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၇-၄-၂၀၁၈)ရက်နေ့တွင် လေဘေးဖြစ်ပွားခဲ့သော ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စုရှိ ကျေးရွာ (၄)ရွာ၊ အိမ်ထောင်(၁၇)အိမ်ထောင်နှင့် ငွေတောင်ကျေးရွာအုပ်စု၊ ဒေါခလိုက်လင်းကျေးရွာ(၂)အိမ်ထောင်၊ စုစုပေါင်း (၁၉) အိမ်ထောင်အတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး(၁၉)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၆၁၅၇၅၀ိ/-)ကျပ်၊ လူဦးရေ(၆၀)ဦး အတွက် ဆန်ဖိုး(၁၂၆၀၀၀ိ/-)ကျပ်၊ စုစုပေါင်း(၁၇၄၂၇၅၀ိ/-)ကျပ်ကို (၁၉-၄-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)