Category Archives: News
-
ဘီးလင်းမြို့နယ် မဲလံဂေါင်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
==================================================== Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ==================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ် မဲလံဂေါင်းကျေးရွာ၌ (၂၃-၇-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုတ်ခတ်မှုကြောင့် ပြိုကျခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)၊ လူဦးရေ (၇) ဦးအတွက် ဆန်ဖိုးငွေ(၇)ရက်စာ (၁၄၇၀၀ိ/-) ထောက်ပံ့ငွေစုစုပေါင်း (၁၁၄၇၀၀ိ/-) တို့အားလည်းကောင်း ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ Family kit (၁)၊ ရေပုံးအဖုံးပါ(၂)ပုံးတို့အား (၂၅-၇-၂၀၁၈) ရက်နေ့ (၁၆း၀၀) နာရီချိန်တွင် ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း … Read more
-
ဘီးလင်းမြို့နယ်ကဒီပုကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
==================================================== Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ==================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ် ကဒီပုကျေးရွာ၌ (၂၃-၇-၂၀၁၈) ရက်နေ့တွင်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၂) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၃၂) လုံး စုစုပေါင်းနေအိမ်(၃၄)အိမ်အတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၇,၅၀၀၀၀ိ/-)၊ လူဦးရေ (၂၃၂) ဦးအတွက်ဆန်ရိက္ခာဖိုးငွေ (၄၈၇၂၀၀ိ/-)၊ ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၃၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၃၂) … Read more
-
ကရင်ပြည်နယ်ရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ဒေသများသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ဆက်လက် ထောက်ပံ့မှုသတင်း
ဇူလိုင် ၂၆၊ မြဝတီ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဒေသကွက်၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းကြောင့် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအား ပေးထောက်ပံ့နိုင်ရန် ရောက်ရှိနေသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အဖွဲ့သည် (၂၅-၇-၂၀၁၈)ရက်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့သို့ ဆက်လက်သွားရောက်ခဲ့ပြီး ဓမ္မသုခ ဘုန်းတော်ကြီးကျောင်းတွင် ရေဘေးတိမ်းရှောင်နေသည့် အိမ်ထောင်စု(၂၀)စုရှိ ပြည်သူ (၁၀၁)ဦးအား တွေ့ဆုံ အားပေးကာ ဆန်ရိက္ခာဖိုးငွေ၊ မိသားစုအလိုက် ဆီ၊ ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်တို့အား ထောက်ပံ့ခြင်း၊ ကလေးငယ်များအတွက် မုန့်များပေး အပ်ခြင်း၊ ဒေသခံတာဝန်ရှိသူများ၊ … Read more
-
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၁၈) ရက်နေ့တွင် လွိုင်ကော်အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာလုပ်ငန်းသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခဲ့ပြီး၊ တက်ရောက်လာသူ သင်တန်းသူ (၈၀) ဦးအားလက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_july2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၇.၂၀၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ်၊ ကြို့ချောင်းကျေးရွာအုပ်စု၊ ကြို့ချောင်း ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၆)လုံး အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု(၆)စုမှ လူဦးရေ(၃၁)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၁၅၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၆၅၁၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၆) အိမ်ထောင်စုစာတို့အား (၂၆-၇-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jul2018 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးကြိုးထိမှန်၍ သေဆုံးသူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာတွင် နေထိုင်သော မဖြူစင်ဦး၊ အသက် (၂၂) သည် (၂၂-၇-၂၀၁၈) ရက်နေ့တွင် နေအိမ်ရှေ့၌ မိုးရေခံနေစဉ် မိုးကြိုးထိမှန်၍ သေဆုံးသွားသဖြင့် (၂၆-၇-၂၀၁၈) ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ygn_july2018 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သုံးခွမြို့နယ်အတွင်း လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်း လက်ပန်ချောင် ကျေးရွာအုပ်စု၊ လက်ပန်ချောင် ကျေးရွာတွင် (၂၅-၇-၂၀၁၈)ရက်နေ့၊ (၁၈:၁၅)နာရီအချိန် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၉)လုံး ပြိုကျ ပျက်စီးခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု (၉)စုမှ လူဦးရေ (၃၀)ဦးဘေးသင့်ခဲ့၍ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ အိမ်ထောင်စု (၉)စုစာ၊ အိမ်ဆောက် ပစ္စည်းနှင့် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေကျပ် (၅,၆၃,၀၀ဝိ/-) ကျပ်တို့အား (၂၆-၇-၂၀၁၈)ရက်နေ့ အုပ်ချုပ်ရေးအဖွဲ့များ ရပ်မိရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိ … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ဦးသောင်းရွှေသည် ဘီးလင်းမြို့ ရေဘေးရှောင်စခန်းများရှိ ရေဘေးရှောင်ပြည်သူ (၈၀၆)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ စုစုပေါင်း (၁,၆၉၂,၆၀၀/-)ကျပ်အား (၂၄.၇.၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_jul2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်တာဝန်ရှိသူများနှင့်အတူ မွန်ပြည်နယ် ဦးစီးမှူးရုံး(ဘစမ)မှ တာဝန်ရှိသူတို့သည် (၂၄.၇.၂၀၁၈) ရက်နေ့ ည (၈း၃၀)နာရီအချိန်တွင် ဘီးလင်းမြို့ရေဘေးရှောင်စခန်းများရှိပြည်သူ များထံသို့သွားရောက်၍ အားပေးနှစ်သိမ့်ပေးခြင်း၊ ဆီ၊ ငါးသေတ္တာနှင့် ခေါက်ဆွဲခြောက် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_fld #mon_jul2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ မင်းကူးလမ်းကျေးရွာအုပ်စု၊ ပြင်းဝကျေးရွာတွင် (၁၃-၆ -၂၀၁၈)ရက်နေ့မှ (၁၅-၆-၂၀၁၈)ရက်နေ့အထိ ထူးကဲဒီရေကြောင့် ရေထဲမျောပါပျက်စီးသွားခဲ့သော နေအိမ် (ဓနိမိုး၊ဝါးထရံကာ၊ဝါးခင်း) (၅)လုံး အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅)မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀ိ/-)နှင့် လူဦးရေ (၂၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး (၄၈၃၀၀ိ/-) စုစုပေါင်း (၅၄၈၃၀၀ိ/-)ကျပ်တို့အား (၂၅-၇-၂၀၁၈)ရက်နေ့တွင် မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_fld #rke_jul2018 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး … Read more









