ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

3_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ အုပ်ရှစ်ချိုကျေးရွာအုပ်စု၊ ရွှေတောကျေးရွာတွင် (၂.၈.၂၀၁၈)ရက်နေ့တွင် မင်းတုန်းချောင်းရေ တိုက်စားမှုကြောင့် ဘေးကျရောက်နိုင်သည့် နေအိမ်(၂)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ပြီး အိမ်ထောင်စု(၂)စု၊ လူဦးရေစုစုပေါင်း(၇)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄၇၀၀ိ/-)ကျပ်နှင့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂၁၄,၇၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၂)အိမ်ထာင်စာတို့အား (၃.၈.၂၀၁၈)ရက်နေ့တွင် မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

#ha_fld
#mgy_aug2018
Source:  သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events