လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ကျေးရွာခွဲ (၄) ရွာ၌ (၂၈-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ခြေ (၂၀) လုံး၊ အိမ်ထောင်စု (၂၀) စု၊ လူဦးရေ (၇၃) ဦးအားလည်းကောင်း၊
စစ်ကုန်းကျေးရွာအုပ်စု၊ ကျေးရွာခွဲ (၃) ရွာ၌ (၁-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ခြေ(၃၀) လုံး၊ အိမ်ထောင်စု (၃၀) စု၊ လူဦးရေ (၁၂၈) ဦးအားလည်းကောင်း၊
စုစုပေါင်းအိမ်ခြေ (၅၀) လုံး၊ အိမ်ထောင်စု (၅၀) စု၊ လူဦးရေ (၂၀၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၅,၀၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၂၂,၁၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅,၄၂၂,၁၀၀ိ/-) ကျပ်အား
(၃- ၈ -၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ညောင်ကျိုးအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ခွေးတောက်ချောင်းကျေးရွာအုပ်စုနှင့် စစ်ကုန်းကျေးရွာအုပ်စုတို့၏ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#reb
#ayy_ aug2018
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)