လတ်တလောရေကြီးရေလွှမ်းမိုးမှုအခြေအနေပြ ဂြိုဟ်တုပုံရိပ်သုံး မြေပုံများ (၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂ ရက်)

လတ်တလောရေကြီးရေလွှမ်းမိုးမှုအခြေအနေများကို အောက်ပါမြေပုံများတွင် ကြည့်ရှုနိုင်ပါသည်။

မြေပုံများမှာ ALOS2 ဂြိုဟ်တုမှ ရိုက်ကူးထားသော ဂြိုဟ်တုပုံရိပ်များမှ ရရှိလာသည့် အချက်အလက်များကို အခြေခံ၍ ရေလွှမ်းမိုးနေသည့် နေရာများကို တွက်ယူထားခြင်း ဖြစ်ပါသည်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ ညနေ ၆ နာရီတွင် တွေ့ရှိရသော ရေကို ပန်းရောင်ဖြင့်လည်းကောင်း၊ မြစ်၊ ချောင်းနှင့် ကန်များကို အပြာရောင်ဖြင့်လည်းကောင်း ဖော်ပြထားပါသည်။
ယခု ထုတ်ယူထားသည့် မြေပုံများသည် မြေပြင်ပေါ်တွင် လတ်တလော တွေ့ရှိရသည့် ရေပြင်ဖုံးလွှမ်းမှုအခြေအနေကိုသာ ကိုယ်စားပြုပြီး မြေပြင်အခြေအနေနှင့် အမှန်တကယ် ရေကြီးရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်သော ရေပြင် ဟုတ်/မဟုတ် တိုက်ဆိုင်စစ်ဆေးမှု ပြုလုပ်ရမည် ဖြစ်ပါသည်။
ကန့်သတ်ချက်အနေဖြင့် မြို့ပြ၊ ကျေးရွာနှင့်  အဆောက်အဦးစသည့်နေရာများတွင် ရေဝင်ရောက်ခြင်းကို ဂြိုဟ်တုပုံရိပ်များမှ မမြင်နိုင်ပေ။

ကျောက်တံခါး ၊ မဒေါက် ၊ ဝေါ ၊ ပဲခူး PNG မြေပုံ 5 MB @ https://tinyurl.com/y9onq6ha

ဖါးအံ ၊ မော်လမြိုင် ၊ ကျိုက်မရော PNG မြေပုံ 5 MB @ https://tinyurl.com/y97v9lrb

Sign Up

Upcoming Events