ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း

2Pics_06

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာအုပ်စု၊ လေးအိမ်တန်းရွာ၌ (၃၀-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၄) ဦးတို့ဘေးသင့်ခဲ့ရာ

အဆိုပါကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာနှင့် ၊ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၉,၄၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂၉,၄၀၀ိ/-) ကျပ်အား ( ၃- ၈ -၂၀၁၈) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_aug2018

Source:         ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events