လေဘေးအတွက် ထောက်ပံ့မှုသတင်း

3_Pic_01 3_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဝန်ဇင်းရပ်ကွက်တွင် (၁.၈.၂၀၁၈)ရပ်ကွက်၌ လေပြင်းဘေး တိုက်ခတ်မှု ကြောင့် အိမ်ခြေ(၂)လုံးပြိုကျခဲ့ပြီး အိမ်ခြေ (၅၂)လုံး အမိုးလန်ပျက်စီးခဲ့၍ လူ(၁)ဦး ဒဏ်ရာရခဲ့ပါသည်။ အဆိုပါ လေဘေးအတွက် အိမ် ဆောက်ပစ္စည်းဖိုးငွေ (၂,၈၆၇,၇၅၀/-)ကျပ်၊ ပြိုကျအိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀/-)ကျပ်၊ ဒဏ်ရာရသူအတွက် (၅၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂,၉၃၄,၅၅၀/-)ကျပ်နှင့် ပြိုကျအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးနှင့် အမိုးလန်အိမ်များ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းတန်ဖိုး (၁,၀၂၇,၂၂၆)၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၃,၉၆၁,၇၇၆) ကျပ်တို့အား (၃.၈.၂၀၁၈)ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mdy_aug2018
Source:  မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events