လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပူးပေါင်း၍ မြဝတီခရိုင်၊ မြဝတီမြို့တွင် သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် မြဝတီမြို့နယ် ကျွန်းတောရေဘေးရှောင်စခန်းနှင့် ဘုရားကြီးရေဘေးရှောင်စခန်းရှိ ရေဘေးဒုက္ခခံစားရသူများအား (၃၁-၇-၂၀၁၈)ရက်နေ့ ညနေ(၁၇၀၀)နာရီတွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။