မွန်ပြည်နယ်အတွင်း ရေရှားပါးသည့်ဒေသ၌ စက်ရေတွင်း (၁) တွင်းတူးဖော်ရန်နှင့် ရေဂါလံ (၂,၀၀၀) ဆံ့အုတ်ရေကန် (၁) လုံး ပြုလုပ်ရန်အတွက် (၃-၈-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် အလှူရှင် ဦးကျော်မြင့်နှင့် ဒေါ်တင်တင်အေး၊ ထိပ်တန်းမုန့်ဟင်းခါးမိသားစုမှ အလှူငွေ (၄,၇၀၀,၀၀၀ိ/-) ကျပ်အား လာရောက်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဒေသ ကြီးဦးစီးမှူးမှ လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_fld
#ygn_aug2018
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)