Category Archives: News
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ဗိုလ်လုကုန်းကျေးရွာ အုပ်စု၊ ဗိုလ်လု ကုန်းကျေးရွာတွင် (၂၈.၅.၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး အမိုးလန် ခဲ့ပြီး အိမ်ခြေ(၃)လုံး၊အိမ်ထောင်စု(၃)စု၊ လူဦးရေစုစုပေါင်း(၁၆)ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၁၆)ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၃၃,၆၀၀) ကျပ်၊အမိုးလန်နေအိမ်(၃)လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုး (၄၅,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၇၈,၆၀၀) တို့ကို (၁.၆.၂၀၁၉)ရက်နေ့တွင် အောင်လံမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ … Read more
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းအား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် သင်တန်းသား(၅၀)ဦးဖြင့် (၃၁-၅-၂၀၁၉)ရက်နေ့နှင့် (၁-၆-၂၀၁၉) ရက်နေ့အထိ (၂) ရက်ကြာအောင် နမ့်ဆန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ #ar #shn_jun2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၅.၂၀၁၉)ရက်နေ့၌ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သာဓုကန်ကျေးရွာအုပ်စု၊ ဆားဂွန်းကျေးရွာတွင် ဖြစ်ပွားသော မိုးကြိုးဘေးမှ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်နှင့် ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀)၊ ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၅၀,၀၀၀)ကျပ်တို့အား (၁.၆.၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_jun2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယားပြည်နယ်၊ လွိုင်ကော်သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် (၂၉.၅.၂၀၁၉) ရက်နေ့နှင့် (၃၀.၅.၂၀၁၉) ရက်နေ့တို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မီးဘေး၊ ကျးလက်နေအိမ်များ သဘာဝဘေးဒဏ် ခံနိုင်ရည်မြှင့်ရန် အကြံပြုချက်များကို ဆွေးနွေး ဟောပြောခဲ့ပြီး ဆရာ/ ဆရာမ/ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၀၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_jun2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော စလင်းမြို့နယ်၊ ကျေးရွာ (၂၅) ရွာတို့တွင် အမိုးလန် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် (၂၀၀၀၀၀/-)ကျပ်၊ ဘုရားတန်ဆောင်း (၁)လုံးအတွက် (၅၀,၀၀၀/-)ကျပ် ပြိုကျအိမ်ခြေ(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၃၀၀,၀၀၀/-) အမိုးလန်အိမ်ခြေ (၁၂၄)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ( ၃,၇၂၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅၅၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁,၁၆၇,၆၀၀/-) ကျပ် … Read more
-
ကွမ်းခြံကုန်းမြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး၊ မကျီးတန်းရပ်ကွက်တွင် (၂၇.၅.၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးအမိုးပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၇)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းဦးစီးမှူးရုံးမှ (၃၁.၅.၂၀၁၉)ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ငွေကျပ်(၁၄,၇၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၁၄,၇၀၀)ကျပ်တို့ကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင်အတူ ဘေးသင့် ပြည်သူများ၏လက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ygn_june2019 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈.၅.၂၀၁၉) ရက်နေ့တွင်လေပြင်း တိုက်ခတ်မှုကြောင့် ညောင်တုန်း၊ပန်းတနော်နှင့်မအူပင်မြို့နယ် တွင်နေအိမ်များပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ ပါသဖြင့် ညောင်တုန်းမြို့နယ်၊ သပြုရေလယ်ကျွန်းကျေးရွာအုပ်စု၊ ရွှေဒင်္ဂါးကျွန်း၊ဓမ္မသုခကျွန်း) ကျးရွာ ၌ (၂၈.၅.၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့်ပြိုကျနေအိမ်(၁)လုံး အိမ်ထောင်စု(၁)စု အတွက် အိမ်ထောင်စု(၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး Care Myanmarအလှူ ပစ္စည်းတစ်ခုစီနှင့် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀,၀၀၀)ကျပ်နှင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၄)လုံး၊ အိမ်ထောင်စု (၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၀၀,၀၀၀)ကျပ် စုစုပေါင်းလူဦးရေ( ၂၃) ဦးအတွက် ဆန်ရိက္ခာ ပစ္စည်းဖိုး (၄၈,၃၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃၄၈,၃၀၀) ကျပ်တို့ကို (၃၁.၅.၂၀၁၉) ရက်နေ့ (၁၁:၄၅) နာရီအချိန်တွင်ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌၎င်း၊ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု(၆)စု၊ (၁၃)ရွာ၌ (၂၄.၅.၂၀၁၉)ရက်နေ့ လေဘေးသင့် အမိုးလန်နေအိမ်(၉၉)လုံး ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ပြိုလဲ နေအိမ်(၁၁)လုံး လူ(၂၈)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၃၇၅၇၈၀၀)ကျပ် နှင့် ကျေးရွာအုပ်စု(၆)စု (၁၄)ရွာ၌ (၂၇.၅.၂၀၁၉)ရက်နေ့ လေဘေးသင့် အမိုးလန်နေအိမ်(၃၅)လုံး ပြိုလဲ နေအိမ်(၂)လုံး လူ(၇)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၁,၀၅၂,၄၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ ငွေ(၄,၈၁၀,၂၀၀)ကျပ်နှင့် စုစုပေါင်းပြိုလဲ(၁၃)အိမ်ရှိ အိမ်ထောင်စု(၁၃)စုအတွက် ကယ်ဆယ်ရေး … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၃၁.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ သရက္ကန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ ပေါက်မြို့နယ်၊ သရက္ကန်ကျေးရွာအုပ်စု၊ရေခါးကျေးရွာတွင် (၃၀.၅.၂၀၁၉)ရက်နေ့၊ ညနေ(၁၉:၀၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့်အမိုးလန် ပျက်စီး ဖြစ်ပွားခဲ့သော အိမ်ခြေ(၇)လုံးတွင် အိမ်ထောင်စု (၇)စုမှ ကျား(၁၅)ဦး မ(၁၁)ဦး၊ စုစုပေါင်း(၂၆)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၅၄,၆၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုး(၃၅၀,၀၀၀)၊ စုစုပေါင်း(၄၀၄,၆၀၀) ကျပ်တို့ကို ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင် (၃၁.၅.၂၀၁၉) ရက်နေ့ (၁၀း၃၀) အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀၅၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)၊ စုစုပေါင်း(၁၁၀၅၀၀)ကျပ်အား … Read more









