လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၅.၂၀၁၉)ရက်နေ့၌ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သာဓုကန်ကျေးရွာအုပ်စု၊ ဆားဂွန်းကျေးရွာတွင် ဖြစ်ပွားသော မိုးကြိုးဘေးမှ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်နှင့် ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀)၊ ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၅၀,၀၀၀)ကျပ်တို့အား (၁.၆.၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#bgo_jun2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)