လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင် (၃၁.၅.၂၀၁၉) ရက်နေ့ (၁၀း၃၀) အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀၅၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)၊ စုစုပေါင်း(၁၁၀၅၀၀)ကျပ်အား ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၃၁.၅.၂၀၁၉) ရက်နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_may2019
ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)