ကယားပြည်နယ်၊ လွိုင်ကော်သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် (၂၉.၅.၂၀၁၉) ရက်နေ့နှင့် (၃၀.၅.၂၀၁၉) ရက်နေ့တို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မီးဘေး၊ ကျးလက်နေအိမ်များ သဘာဝဘေးဒဏ် ခံနိုင်ရည်မြှင့်ရန် အကြံပြုချက်များကို ဆွေးနွေး ဟောပြောခဲ့ပြီး ဆရာ/ ဆရာမ/ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၀၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)