ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု(၆)စု၊ (၁၃)ရွာ၌ (၂၄.၅.၂၀၁၉)ရက်နေ့ လေဘေးသင့် အမိုးလန်နေအိမ်(၉၉)လုံး ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ပြိုလဲ နေအိမ်(၁၁)လုံး လူ(၂၈)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၃၇၅၇၈၀၀)ကျပ် နှင့် ကျေးရွာအုပ်စု(၆)စု (၁၄)ရွာ၌ (၂၇.၅.၂၀၁၉)ရက်နေ့ လေဘေးသင့် အမိုးလန်နေအိမ်(၃၅)လုံး ပြိုလဲ နေအိမ်(၂)လုံး လူ(၇)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၁,၀၅၂,၄၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ ငွေ(၄,၈၁၀,၂၀၀)ကျပ်နှင့် စုစုပေါင်းပြိုလဲ(၁၃)အိမ်ရှိ အိမ်ထောင်စု(၁၃)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး (ပလပ်စတစ်ပုံးပါ) (၁၃)အိမ်ထောင်စာအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှ (၃၁.၅.၂၀၁၉) ရက်နေ့တွင် ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)