(၃၁.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ သရက္ကန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ ပေါက်မြို့နယ်၊ သရက္ကန်ကျေးရွာအုပ်စု၊ရေခါးကျေးရွာတွင် (၃၀.၅.၂၀၁၉)ရက်နေ့၊ ညနေ(၁၉:၀၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့်အမိုးလန် ပျက်စီး ဖြစ်ပွားခဲ့သော အိမ်ခြေ(၇)လုံးတွင် အိမ်ထောင်စု (၇)စုမှ ကျား(၁၅)ဦး မ(၁၁)ဦး၊ စုစုပေါင်း(၂၆)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၅၄,၆၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုး(၃၅၀,၀၀၀)၊ စုစုပေါင်း(၄၀၄,၆၀၀) ကျပ်တို့ကို ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)