လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈.၅.၂၀၁၉) ရက်နေ့တွင်လေပြင်း တိုက်ခတ်မှုကြောင့် ညောင်တုန်း၊ပန်းတနော်နှင့်မအူပင်မြို့နယ် တွင်နေအိမ်များပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ ပါသဖြင့် ညောင်တုန်းမြို့နယ်၊ သပြုရေလယ်ကျွန်းကျေးရွာအုပ်စု၊ ရွှေဒင်္ဂါးကျွန်း၊ဓမ္မသုခကျွန်း) ကျးရွာ ၌ (၂၈.၅.၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့်ပြိုကျနေအိမ်(၁)လုံး အိမ်ထောင်စု(၁)စု အတွက် အိမ်ထောင်စု(၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး Care Myanmarအလှူ ပစ္စည်းတစ်ခုစီနှင့် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀,၀၀၀)ကျပ်နှင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၄)လုံး၊ အိမ်ထောင်စု (၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၀၀,၀၀၀)ကျပ် စုစုပေါင်းလူဦးရေ( ၂၃) ဦးအတွက် ဆန်ရိက္ခာ ပစ္စည်းဖိုး (၄၈,၃၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃၄၈,၃၀၀) ကျပ်တို့ကို (၃၁.၅.၂၀၁၉) ရက်နေ့ (၁၁:၄၅) နာရီအချိန်တွင်ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌၎င်း၊ ပန်းတနော်မြို့နယ်၊ ထိန်ကုလားကုန်း ကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၅)ရွာတို့၌ (၂၈.၅.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၈) အိမ်ထောင်စု (၈) စုအတွက် အိမ်ထောင်စုတစ်စုလျင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး Care Myanmarအလှူပစ္စည်းတစ်ခုစီနှင့်အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၈၀၀,၀၀၀)ကျပ်နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ သည့် နေအိမ်(၃၂)လုံး၊ အိမ်ထောင်စု(၃၂) စုစာအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၂၈၀,၀၀၀) လူဦးရေ (၁၂၈)ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး(၃၉၂,၇၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂,၄၇၂,၇၀၀) ကျပ် တို့ကို(၃၁.၅.၂၀၁၉)ရက်နေ့(၁၃:၀၀) နာရီအချိန်ထိန်ကုလားကုန်းဘုန်းကြီးကျောင်း၌၎င်း (၃) မအူပင်မြို့နယ် (အင်းတေး၊ ကံကုန်း၊ကျွဲဒုံးနှင့် ဆိပ်သာကျေးရွာအုပ်စု ကျေးရွာခွဲ(၆)ရွာ၌ (၂၈.၅.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွား ခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၁၃)လုံး၊ အိမ်ထောင်စု(၁၃)စုအတွက် အိမ်ထောင်စု (၁)စုလျင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့်Care Myanmarအလှူပစ္စည်းတစ်ခုစီနှင့် အိမ်ဆောက်ပစ္စည်း ဖိုးရန်ပုံငွေ(၁,၃၀၀,၀၀၀)ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၁၆)၊ အိမ်ထောင်စု(၁၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၈၀၀,၀၀၀)ကျပ်၊လူဦးရေ (၁၁၉) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၂၄၉,၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂,၃၄၉,၉၀၀)ကျပ်တို့ကို (၃၁.၅.၂၀၁၉) ရက်နေ့ (၁၁:၄၅) နာရီ အချိန်တွင် မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)