လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ဗိုလ်လုကုန်းကျေးရွာ အုပ်စု၊ ဗိုလ်လု ကုန်းကျေးရွာတွင် (၂၈.၅.၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး အမိုးလန် ခဲ့ပြီး အိမ်ခြေ(၃)လုံး၊အိမ်ထောင်စု(၃)စု၊ လူဦးရေစုစုပေါင်း(၁၆)ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၁၆)ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၃၃,၆၀၀) ကျပ်၊အမိုးလန်နေအိမ်(၃)လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုး (၄၅,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၇၈,၆၀၀) တို့ကို (၁.၆.၂၀၁၉)ရက်နေ့တွင် အောင်လံမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)