လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော စလင်းမြို့နယ်၊ ကျေးရွာ (၂၅) ရွာတို့တွင် အမိုးလန် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် (၂၀၀၀၀၀/-)ကျပ်၊ ဘုရားတန်ဆောင်း (၁)လုံးအတွက် (၅၀,၀၀၀/-)ကျပ် ပြိုကျအိမ်ခြေ(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၃၀၀,၀၀၀/-) အမိုးလန်အိမ်ခြေ (၁၂၄)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ( ၃,၇၂၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅၅၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁,၁၆၇,၆၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၆,၄၃၇,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး အိမ်ထောင်စု(၁၃)စုစာတို့အား (၃၁-၅-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_jun2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)