ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး၊ မကျီးတန်းရပ်ကွက်တွင် (၂၇.၅.၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးအမိုးပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၇)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းဦးစီးမှူးရုံးမှ (၃၁.၅.၂၀၁၉)ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ငွေကျပ်(၁၄,၇၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၁၄,၇၀၀)ကျပ်တို့ကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင်အတူ ဘေးသင့် ပြည်သူများ၏လက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)