Author Archives: Department of Disaster Management

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော  ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ အုပ်စု၊ မြောက်လူးကန်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၅၁၀) စုအတွက် သောက်သုံးရေဂါလံ (၇၂၀၀) ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရေစကြိုမြို့နယ်၊ ထန်းတိုကျေးရွာအုပ်စု၊ မြစ်လှချောင်ကျေးရွာနေပြည်သူ အိမ်ထောင်စု (၁၀၀) အတွက် သောက်သုံး ရေဂါလံ (၃၆၀၀) ကိုလည်းကောင်း၊ ညနေပိုင်းတွင် ရေစကြိုမြို့နယ်၊ ခွေးမြှပ်ကျေးရွာအုပ်စု၊ ယာကြီးကုန်းကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၈၅) စုအတွက် … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊   ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ သစ္စာဝါဒီလမ်း၊ အမှတ်(၈၂၀)၊ ပိုင်ရှင်ဦးရဲမင်းသိန်း (ဘ)ဦးသိန်းမြင့်နေအိမ်တွင ်(၂၁-၅-၂၀၁၉) ရက်နေ့ (၁၈:၄၅) နာရီအချိန်၌ ဆီမီးပူဇော်စဉ်ဖယောင်းတိုင်မီးလဲကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ နေအိမ်(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၇)ဦးတို့ မီးဘေးသင့်ခဲ့ရာ၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (၂၂-၅-၂၀၁၉) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂,၀၀,၀၀၀/-) နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-)အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      ဟင်္သာတမြို့နယ်၊(ကညင်ငူ၊ဇရပ်ကွင်း၊ပြာကတတ်၊စစ်ကုန်း)အုပ်စု၊ကျေးရွာခွဲ(၁၃)ရွာတွင်(၂၀-၅-၂၀၁၉)နေ့တွင် လေဘေးကြောင့် ပြိုကျအိမ်ခြေ(ဝါး) (၄)လုံး၊ အိမ်ခြေ(သစ်)(၁)လုံး၊ တစ်စိတ်တပိုင်းပျက်စီးခဲ့သောအိမ်ခြေ(၄၀) လုံး၊၎င်းအိမ်ထောင်စု(၄၅)စုရှိ လူဦးရေ(၁၆၅)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၉၇၅,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၃၄၆,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၃,၃၂၁,၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၅)အိမ်ထောင်စာ တန်ဖိုး(၁၆၁,၇၆၅)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့မှုကျပ် (၃,၄၈၃,၂၆၅)ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၅- ၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ တက်မကျေးရွာအုပ်စု၊ တက်မကျေးရွာတွင် (၂၀-၅-၂၀၁၉) ရက်နေ့ (၁ရး၀၀)အချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့သဖြင့် ဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ  လူဦးရေ (၄)ဦးအတွက်  ဆန်ရိက္ခာ (၇)ရက်စာ (၈,၄၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စာတို့ကို (၂၁-၅-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူတို့၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #mdy_may2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ တုံးလှဲကျေးရွာနှင့် ညောင်ပင်ဆိပ်ကျေးရွာတို့တွင် (၂၀.၅.၂၀၁၉)ရက်နေ့၊ (၁၅း၀၀)နာရီချိန်၌ မိုးရွာသွန်းပြီးလေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)၊ အမိုးလန်အိမ်ခြေ(၇)လုံးအတွက် (၁)အိမ်လျင်(၅၀၀၀၀/-)နှုန်းဖြင့် အိမ်ဆောက်ပ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀၀၀၀/-)နှင့် လေဘေးသင့်ပြည်သူ (၃၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၁၉၀၀/-)၊စုစုပေါင်းထောက်ပံ့ငွေ(၈၃၁၉၀၀/-) နှင့် ပြိုကျအိမ်ခြေ (၃)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စုစာတို့အား  (၂၂.၅.၂၀၁၉) နံနက်ပိုင်းတွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #ayy_may2019 Source – … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ် ခရိုင်၊ ကန်ကြီးထောင့့်မြို့နယ်၊ ဝက်ထိုးကျေးရွာအုပ်စု၊ ဝက်ထိုးကျေးရွာနှင့့် ညောင်ပင်စုကျေးရွာ ၌ (၂၁-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ အမိုးလန် နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာ (၇) … Read more

  • တိုက်ပွဲရှောင်စခန်းများရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉)ရက်နေ့တွင် ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သော တောင်ရင်းတန်း၊ အရှေ့မြောက်၊ စေတီပြင်၊ ခွဆုံ၊ ကညင်ချောင်း၊ ပေါက်ပင်ရင်း၊ တင်းကုတ်နှင့် အောက်ကျောင်းတောင်စခန်းများသို့ ထပ်မံရောက်ရှိ လာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၁၆၀)စုမှ လူဦးရေ(၈၂၃)ဦးတို့အတွက် အိမ်ထောင်တစ်စုလျှင် ကယ်ဆယ် ရေးပစ္စည်း(၄)မျိုး (ကျားလုံချည် (၁)ထည၊် မလုံချည် (၁)ထည်၊တပတ် (၁)ထည်၊ တီရှပ် (၂)ထည် )တန်ဖိုး (၉,၈၃ဝ) ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၁၆၀)စုအတွက် ကျားလုံချည်(၁၆၀)ထည်၊ မလုံချည်(၁၆၀)ထည်၊ တပတ်(၁၆၀)ထည်နှင့် တီရှပ် (၃၂၀)ထည်၊ … Read more

  • ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် “ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အစီအစဉ်”ကို (၂၂.၅.၂၀၁၉)  ရက်နေ့၊ (၀၉း၃၀) နာရီမှ ၁၂း၀၀နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၂၃)ရပ်ကွက်၊ ကသည်းစုရပ်၌  ဆောင်ရွက်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင်  တောင်ငူမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ (ERT) နှင့် တောင်ငူရှာဖွေကယ်ဆယ်လူမှုရေးအသင်းအဖွဲ့ဝင်မျ ား၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ပြည်သူလူထုအပါအဝင် စုစုပေါင်းအင်အား(၃၅၀)ဦး ပူးပေါင်းပါဝင်ခဲ့ပြီး ငလျင်လှုပ်စဉ်ကြုံတွေနိုင်သော ကဏ္ဍအလိုက်တာဝန်များ ခွဲဝေပြီးစနစ်တကျဆောင်ရွက်ခြင်း၊ စားရေရိက္ခာများဝေငှပေးဝေခြင်းများကိုဆောင့်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #simex #bgo_may2019 Source – ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်ကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဝက်ခြံဂရက်ကျေးရွာအုပ်စု၊ ဇီးငူအုပ်စု၊ မကျည်းပင်ကွင်းအုပ်စုတို့တွင် (၂၀-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၉) အိမ်ထောင်စာ (၂၉၁၁၇၇/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀/-) ကျပ်၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၄၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၂၀၀၀၀၀/-) ကျပ်၊ … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅.၂၀၁၉) ရက်နေ့ ညောင်ရွှေမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ် (၁၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ (၁၄)စုစာနှင့်အမိုးလန် (၅) အိမ်ထောင်စုအတွက် ကယ်ဆယ်ပစ္စည်း (၁၀)မျိုး (၅) စုစာတို့နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ရန်ပုံငွေ (၁၈၅၀၀၀၀) အား (၂၂ .၅.၂၀၁၉) ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_sgw #shn_may2019 Source – ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events