လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ တုံးလှဲကျေးရွာနှင့် ညောင်ပင်ဆိပ်ကျေးရွာတို့တွင် (၂၀.၅.၂၀၁၉)ရက်နေ့၊ (၁၅း၀၀)နာရီချိန်၌ မိုးရွာသွန်းပြီးလေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)၊ အမိုးလန်အိမ်ခြေ(၇)လုံးအတွက် (၁)အိမ်လျင်(၅၀၀၀၀/-)နှုန်းဖြင့် အိမ်ဆောက်ပ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀၀၀၀/-)နှင့် လေဘေးသင့်ပြည်သူ (၃၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၁၉၀၀/-)၊စုစုပေါင်းထောက်ပံ့ငွေ(၈၃၁၉၀၀/-) နှင့် ပြိုကျအိမ်ခြေ (၃)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စုစာတို့အား (၂၂.၅.၂၀၁၉) နံနက်ပိုင်းတွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2019
Source – မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)