လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

23_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ တက်မကျေးရွာအုပ်စု၊ တက်မကျေးရွာတွင် (၂၀-၅-၂၀၁၉) ရက်နေ့ (၁ရး၀၀)အချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့သဖြင့် ဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ  လူဦးရေ (၄)ဦးအတွက်  ဆန်ရိက္ခာ (၇)ရက်စာ (၈,၄၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စာတို့ကို (၂၁-၅-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူတို့၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mdy_may2019

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events