လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်ကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဝက်ခြံဂရက်ကျေးရွာအုပ်စု၊ ဇီးငူအုပ်စု၊ မကျည်းပင်ကွင်းအုပ်စုတို့တွင် (၂၀-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၉) အိမ်ထောင်စာ (၂၉၁၁၇၇/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀/-) ကျပ်၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၄၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၂၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းနေအိမ် (၅၃) လုံး၊ အိမ်ထောင်စု (၅၃) စုမှ လူဦးရေ (၂၁၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၄၄၅၂၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၅၄၅၂၀၀/-) ကျပ်အား (၂၂-၅-၂၀၁၉) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။
#ha_sgw
#ayy_may2019
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)