တိုက်ပွဲရှောင်စခန်းများရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

23_Pic_01
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉)ရက်နေ့တွင် ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သော တောင်ရင်းတန်း၊ အရှေ့မြောက်၊ စေတီပြင်၊ ခွဆုံ၊ ကညင်ချောင်း၊ ပေါက်ပင်ရင်း၊ တင်းကုတ်နှင့် အောက်ကျောင်းတောင်စခန်းများသို့ ထပ်မံရောက်ရှိ လာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၁၆၀)စုမှ လူဦးရေ(၈၂၃)ဦးတို့အတွက် အိမ်ထောင်တစ်စုလျှင် ကယ်ဆယ် ရေးပစ္စည်း(၄)မျိုး (ကျားလုံချည် (၁)ထည၊် မလုံချည် (၁)ထည်၊တပတ် (၁)ထည်၊ တီရှပ် (၂)ထည် )တန်ဖိုး (၉,၈၃ဝ) ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၁၆၀)စုအတွက် ကျားလုံချည်(၁၆၀)ထည်၊ မလုံချည်(၁၆၀)ထည်၊ တပတ်(၁၆၀)ထည်နှင့် တီရှပ် (၃၂၀)ထည်၊ တန်ဖိုးကျပ် (၁,၅၇၂,၈၀ဝ)ကျပ်၊လူတစ်ဦးလျှင် ဆန်ရိက္ခာ(၁)လစာဖိုးကျပ် (၉,၀၀ဝ)နှုန်းဖြင့် လူဦးရေ(၈၂၃)ဦးအတွက် ဆန်ရိက္ခာ (၁)လစာဖိုးကျပ်(၇,၄၀၇,၀၀ဝ) ကျပ်တို့ကို (၂၂-၅-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ တိုက်ပွဲရှောင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_otr
#rke_may2019
Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events