သောက်သုံးရေဖြန့်ဝေမှုသတင်း

23_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော  ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ အုပ်စု၊ မြောက်လူးကန်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၅၁၀) စုအတွက် သောက်သုံးရေဂါလံ (၇၂၀၀) ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရေစကြိုမြို့နယ်၊ ထန်းတိုကျေးရွာအုပ်စု၊ မြစ်လှချောင်ကျေးရွာနေပြည်သူ အိမ်ထောင်စု (၁၀၀) အတွက် သောက်သုံး ရေဂါလံ (၃၆၀၀) ကိုလည်းကောင်း၊ ညနေပိုင်းတွင် ရေစကြိုမြို့နယ်၊ ခွေးမြှပ်ကျေးရွာအုပ်စု၊ ယာကြီးကုန်းကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၈၅) စုအတွက် သောက်သုံးရေ ဂါလံ (၃၆၀၀) ကိုလည်းကောင်း၊ စုစုပေါင်းသောက်သုံးရေဂါလံ (၁၄၄၀၀)  ကို ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သွားရောက်ဖြန့်ဝေခဲ့ပါ သည်၊၊

သောက်သုံးရေဖြန့်ဝေရာတွင် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်သူသူ၊ စေတနာရှင်ပြည်သူများ၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်လင်း၊ ရေစကြိုမြို့နယ်၊ ထန်းတိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပြုံးချို၊ ခွေးမြှပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်တို့က ကျေးရွာများအရောက် ဖြန့်ဝေခဲ့ပါသည်၊၊

သောက်သုံးရေဖြန့်ဝေနိုင်ရန်အတွက် သီဟိုဋ္ဌ်ရှင် ဘုရားကြီးဂေါပကအဖွဲ့ ရေတိုင်၊ ရေစကြိုမြို့၊ မြသဇင် စက်သုံးဆီဆိုင် ရေတိုင်တို့မှ ရေကားများသို့ သောက်သုံးရေ အခမဲ့ဖြည့်စီးပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ပါကြောင်းသတင်းရရှိ်ပါသည်။

#ha_drg

#mgy_may2019

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events