လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ သစ္စာဝါဒီလမ်း၊ အမှတ်(၈၂၀)၊ ပိုင်ရှင်ဦးရဲမင်းသိန်း (ဘ)ဦးသိန်းမြင့်နေအိမ်တွင ်(၂၁-၅-၂၀၁၉) ရက်နေ့ (၁၈:၄၅) နာရီအချိန်၌ ဆီမီးပူဇော်စဉ်ဖယောင်းတိုင်မီးလဲကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ နေအိမ်(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၇)ဦးတို့ မီးဘေးသင့်ခဲ့ရာ၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (၂၂-၅-၂၀၁၉) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂,၀၀,၀၀၀/-) နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-)အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ygn_may2019
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)