လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် “ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အစီအစဉ်”ကို (၂၂.၅.၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီမှ ၁၂း၀၀နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၂၃)ရပ်ကွက်၊ ကသည်းစုရပ်၌ ဆောင်ရွက်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် တောင်ငူမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ (ERT) နှင့် တောင်ငူရှာဖွေကယ်ဆယ်လူမှုရေးအသင်းအဖွဲ့ဝင်မျ ား၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ပြည်သူလူထုအပါအဝင် စုစုပေါင်းအင်အား(၃၅၀)ဦး ပူးပေါင်းပါဝင်ခဲ့ပြီး ငလျင်လှုပ်စဉ်ကြုံတွေနိုင်သော ကဏ္ဍအလိုက်တာဝန်များ ခွဲဝေပြီးစနစ်တကျဆောင်ရွက်ခြင်း၊ စားရေရိက္ခာများဝေငှပေးဝေခြင်းများကိုဆောင့်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#simex
#bgo_may2019
Source – ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)