ဟင်္သာတမြို့နယ်၊(ကညင်ငူ၊ဇရပ်ကွင်း၊ပြာကတတ်၊စစ်ကုန်း)အုပ်စု၊ကျေးရွာခွဲ(၁၃)ရွာတွင်(၂၀-၅-၂၀၁၉)နေ့တွင် လေဘေးကြောင့် ပြိုကျအိမ်ခြေ(ဝါး) (၄)လုံး၊ အိမ်ခြေ(သစ်)(၁)လုံး၊ တစ်စိတ်တပိုင်းပျက်စီးခဲ့သောအိမ်ခြေ(၄၀) လုံး၊၎င်းအိမ်ထောင်စု(၄၅)စုရှိ လူဦးရေ(၁၆၅)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၉၇၅,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၃၄၆,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၃,၃၂၁,၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၅)အိမ်ထောင်စာ တန်ဖိုး(၁၆၁,၇၆၅)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့မှုကျပ် (၃,၄၈၃,၂၆၅)ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၅- ၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)