လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ် ခရိုင်၊ ကန်ကြီးထောင့့်မြို့နယ်၊ ဝက်ထိုးကျေးရွာအုပ်စု၊ ဝက်ထိုးကျေးရွာနှင့့် ညောင်ပင်စုကျေးရွာ ၌ (၂၁-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ အမိုးလန် နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၃၁၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၈၃၁၀၀/-) ကျပ်အား (၂၂-၅-၂၀၁၉) ရက်နေ့ (၁၇:၀၀) နာရီအချိန်တွင် ကျေးရွာတာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
#ha_sgw
#ayy_may2019
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)