Author Archives: Department of Disaster Management
-
ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပါဟဲကျေးရွာအုပ်စု၊ တွန်နိမ်ကျေးရွာတွင် (၉-၁၀-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မူးချောင်းရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁)စု အား ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ လူဦးရေ(၇)ဦးအတွက် အဝတ် Mask(၁၄)ခု၊ အိမ်ဆောက် ပစ္စည်းဖိုးငွေကျပ် (၁၀၀,၀၀၀)ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၄,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် … Read more
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ အောက်တောင်းကျေးရွာတွင် (၉-၁၀-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၁)စုအား ကယ်ဆယ် ရေးပစ္စည်း (၁၇) မျိုး၊ လူဦးရေ(၂)ဦးအတွက် အဝတ်Mask(၄)ခု၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၄,၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေကျပ် (၁၀၄,၂၀၀) ကျပ်တို့ကို (၁၂-၁၀-၂၀၂၀) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု (၂)အုပ်စု၊ကျေးရွာ (၂)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ်(၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၁၀)ဦးတို့အတွက် ဆန်ရိက္ခါ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၅၁,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး(၁)အိမ်ထောင်စာတို့ကို (၁၂-၁၀-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ဘေးသင့် နေအိမ်များ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
ဒါဏ်ရာရပြည်သူအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၀-၂၀၂၀)ရက်နေ့ ကျောက်မဲမြို့နယ်၊ ကျွဲကုန်းကျေးရွာ အုပ်စု၊ ကျွဲကုန်းကျေးရွာတွင် လက်နက်ကြီးကျရောက်ထိမှန်၍ ဒါဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ) ကျပ်အား (၁၀-၁၀-၂၀၂၀)ရက်နေ့(၁၁း၃၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရ ပါသည်။ #ha_otr #shn_oct2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အကြိုလူထုလှုပ်ရှား ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူ များသည် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများနှင့်အတူ (၁၁-၁၀-၂၀၂၀)ရက်နေ့၌ လောင်းလုံးမြို့နယ်၊ မောင်မကန်းစျေး၊ သောကြာပြင်လမ်းဆုံနှင့် လူစည်းကားရာနေရာများတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှု ဆောင်ရွက်ရာ ဦးစီးဌာနမှ ဌာန logo ပါ Mask ၊ အဖွဲ့အစည်းများမှ လှူဒါန်းသော hand gel ၊ face shield နှင့်ဆပ်ပြာများကို … Read more
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုဂုဏ်ပြုသော လူထုလှုပ်ရှားမှု ဆောင်ရွက်ခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက် နေ့၊ (၀၉:၀၀) နာရီအချိန်တွင် မုဒုံမြို့နယ်အတွင်းရှိ မြို့မ(၄)ရပ်ကွက်၊ရွှေဟင်္သာစျေး၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုဂုဏ်ပြုသောအားဖြင့် လူထုလှုပ်ရှားမှု ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ IDDR Day အထိမ်းအမှတ် mask များအား ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်း ကျေးရွာအုပ်စု၊ ခွေးမောင်းချောင်းကျေးရွာတွင် (၉-၁၀ -၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ထောင်စု(၁)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ (၈,၄၀ဝ) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈,၄၀ဝ)ကျပ်တို့ကို (၁၂-၁၀-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန် တွင် … Read more
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အကြိုလူထုလှုပ်ရှားမှု ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း(CSOs)တို့နှင့်အတူ (၁၂-၁၀-၂၀၂၀)ရက်နေ့၊ (၀၈;၀၀)အချိန်မှ (၀၉;၃၀)အချိန်ထိ ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ဈေး(ရှမ်းဈေး)နှင့် ရန်ကုန်-မော်လမြိုင်ကားလမ်းမတို့တွင် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှုဆောင်ရွက်ရာတွင် ဦးစီးဌာန Logo ပါ Mask များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုလူထုလှုပ်ရှားဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက် နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ ချောင်းဆုံအနောက်ရပ်ကွက်စျေး၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုဂုဏ်ပြု သောအားဖြင့် လူထုလှုပ်ရှားမှု ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ IDDR Day အထိမ်းအမှတ် mask များ၊ လက်ကမ်းစာစောင်များအား ဝေငှခဲ့ပါကြောင်းသတင်းရရှိပါသည်။ #otr #mon_oct2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၁.၁၀.၂၀၂၀) ရက်နေ့တွင် မြစ်ရေကြီးမှုအခြေအနေသတင်း
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင်ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။
