လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ အောက်တောင်းကျေးရွာတွင် (၉-၁၀-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၁)စုအား ကယ်ဆယ် ရေးပစ္စည်း (၁၇) မျိုး၊ လူဦးရေ(၂)ဦးအတွက် အဝတ်Mask(၄)ခု၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၄,၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေကျပ် (၁၀၄,၂၀၀) ကျပ်တို့ကို (၁၂-၁၀-၂၀၂၀) ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဖောင်းပြင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။
Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)